banner image

Monetize Your Expertise: How to Host an Event & Sell Tickets Online

03 Apr 2026 ~ 03 Apr 2026
10:00 AM - 10:40 AM
ONLINE
Event
Eventickat
Organizer

Event Details

မိတ်ဆွေဟာ နည်းပညာ၊ စီးပွားရေး၊ စာရင်းအင်း နှင့် အခြား အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်ပြီး၊ သင်ကြားပို့ချ နိုင်သူ တစ်ယောက် ဖြစ်ပါသလား။ မိတ်ဆွေရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး ဝင်ငွေ တစ်ခု အဖြစ်ပြောင်းလဲချင်ပါသလား။ Eventickat Platform ကို အသုံးပြုပြီး Webinar Event တစ်ခု ပြုလုပ်ကာ Ticket တွေဘယ်လို ရောင်းပြီး ဝင်ငွေရှာ လို့ရလဲ ဆိုတာကို အချိန်တို အတွင်း မြန်မြန် လေ့လာရမှာဖြစ်ပါတယ်။ Webinar လတ်မှတ်တွေကို Local နဲ့ International Payment တွေသုံးပြီး Online ကပဲ ပေးချေဝယ်ယူနိုင်တာကြောင့် ပြည်တွင်း နယ်အဝေးမှာရှိနေသူတွေရော နိုင်ငံပြင်ပရောက်နေသူတွေအတွက်ပါ အဆင်ပြေပါတယ်။

Event Agenda

Sharing By

10:00 AM - 10:40 AM

Solution Architect @ AYA Innovation Labs, Co-Founder of Eventickat

Aung Kyaw Minn

Tickets

Free Pass

04 Apr 2026

FREE
Total ( 0 Items )

မိတ်ဆွေက ပညာရပ် တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ထားပါ သလား။ မိတ်ဆွေရဲ့ ကျွမ်းကျင်မှု့ နှင့် အတွေ့အကြုံများကို မျှဝေပြီး ဝင်ငွေ ရှာလိုသော Professional တိုင်းအတွက် Eventickat Platform ကို အသုံးပြုပြီး Event တစ်ခု တည်ဆောက် ပြီး Ticket များ Online Payment များနဲ့ ရောင်းချနိုင်ပါတယ်။


ဒီပွဲမှာ ဘာတွေမျှဝေမှာလဲ -


  • လက်တွေ့အသုံးပြုနိုင်မည့် ဥပမာများ (Real-world use cases) - နည်းပညာကျွမ်းကျင်သူတစ်ဦးအနေဖြင့် ၂ နာရီကြာ အွန်လိုင်းသင်တန်း (Masterclass) တစ်ခုကို မိနစ်အနည်းငယ်အတွင်း မည်သို့ အလွယ်တကူ ဖန်တီးပြီး လက်မှတ်စတင်ရောင်းချနိုင်သည်ကို လက်တွေ့ပြသသွားမည်ဖြစ်ပါသည်။
  • ပွဲစီစဉ်သူ (Organizer) တစ်ဦး၏ လုပ်ဆောင်နိုင်မှုများ - Spreadsheet များ အသုံးပြုရန်မလိုတော့ဘဲ ဝင်ငွေများကို စစ်ဆေးခြင်း၊ တက်ရောက်မည့်သူများ၏ စာရင်းကို စီမံခြင်းနှင့် Confirmation Email များကို အလိုအလျောက် ပေးပို့ခြင်းများကို မည်သို့လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းပြသမည်။
  • လက်မှတ်ဝယ်သည့် Customer တက်ရောက်သူ (Attendee) တစ်ဦး၏ အတွေ့အကြုံ - ဒီပွဲကို တက်ဖို့အတွက် Eventickat မှတစ်ဆင့် စာရင်းသွင်းရမှာ ဖြစ်တာကြောင့်၊ မိတ်ဆွေ ရဲ့ ပွဲသို့ လာရောက်မည့်သူများ၏ အတွေ့အကြုံကို ကိုယ်တိုင် လက်တွေ့ခံစားသိရှိပြီးဖြစ်ပါလိမ့်မည်။


Eventickat ကို လေ့လာရန်နှင့် မိတ်ဆွေရဲ့ ပထမဆုံး Professional Event ကို စတင်နိုင်ရန် ဤပွဲသို့ တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

Gallery
event_image
event_image
© 2026 Eventickat — A product of Stride Solutions Co., Ltd. Registered in Myanmar.